ကယ်ပီတယ်ဝမ်းဖလား ဆန်းဒါးလန်း ၁-၄ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

3.1K
စက်တင်ဘာ ၂၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်းဖလား တတိယအဆင့် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်းတွေထဲက မန်စီးတီးနဲ့ အဲဗာတန်တို့ အနိုင်ရသွားပါတယ်။
မန်စီးတီးက အဝေးကွင်းမှာ ဆန်းဒါးလန်းကို အရန်အများစုနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
မန်စီးတီးအသင်းဟာ ကယ်ပီတယ်ဝမ်း ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းအတွက်တော့ ဒီနှစ်ရာသီအစ ယှဉ်ပြိုင်တဲ့ ၈ ပွဲမှာ ၅ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။
အဲဗာတန်အသင်းကလည်း အဝေးကွင်းမှာ ချန်ပီယံရှစ်တန်းက ရက်ဒင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အဲဗာတန်အသင်းဟာ နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားပြီးမှ အနိုင်ရသွားတာ ဖြစ်ပါတယ်။