A d v e r t i s e m e n t With Us

ဂျိမ်းစ်ဘွန်းဇာတ်ကားအတွက် ဆက်သွယ်လာလျှင် ကောင်းမွန်သည်ဟု ဘက်ခမ်း ပြော

ဓာတ်ပုံ - Victor Decolongon/Getty Images
ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်အတွက် ဆက်သွယ်ခြင်း မရှိသေးပေမယ့် ဒီနေရာအတွက် ချိတ်ဆက်မယ်ဆိုရင် ကောင်းမွန်တယ်လို့ အင်္ဂလန် ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းက ပြောပါတယ်။ လာမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်တွေမှာ လက်ရှိသရုပ်ဆောင် ဒယ်နီရယ် ကာရစ်က ဆက်သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီဇာတ်ကား မင်းသားနေရာအတွက် ဘက်ခမ်းကို လျာထားတယ်ဆိုတဲ့ သတင်းအပေါ် သူက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် အိုးပင်း တင်းနစ်ပြိုင်ပွဲကို သွားကြည့်စဉ်က ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်နရီ နောက်မှာ ထိုင်ကြည့်ခဲ့သလို သူဟာ ရှောင်ကွန်နရီရဲ့ ပရိသတ်တဦးဖြစ်တယ်လို့ ဘက်ခမ်းက ပြောပါတယ်။ ဒီအချိန်မှာ နောက်လာမယ့် ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေမှာ လျာထားခြင်းခံရတယ် ဆိုတာ ရှောင်ကွန်နရီကို ပြောချင်တဲ့ဆန္ဒ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ The Man from U.N.C.L.E ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ထားသလို Knights of the Roundtable ဇာတ်ကားမှာလည်း သရုပ်ဆောင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up