A d v e r t i s e m e n t With Us

ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာကို ၃ ပွဲပယ် ပြစ်ဒဏ်ချ

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ သူ့ရဲ့ အကြမ်းဖက်တဲ့ အပြုအမူအပေါ် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တိုက်စစ်မှူး ကော်စတာဟာ ချဲလ်ဆီးက အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ တဘက်နောက်ခံလူ ကိုဆီရယ်နီရဲ့ မျက်နှာပေါ်ကို မမြင်ရအောင် လက်နဲ့ကာပြီး တွန်းထားတဲ့  လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။ အဲဒီလုပ်ရပ်ကြောင့် အာဆင်နယ် ကစားသမား ဂါဘရီရယ်နဲ့ စကားများ ပြဿ    နာတက်ပြီး ဂါဘရီရယ်ကို ဒိုင်က ထုတ်ပယ်ခဲ့ပါတယ်။ ကော်စတာကတော့ ဒိုင်တွေရဲ့ အရေးယူခံရမှုကနေ ကင်းလွတ်ခဲ့ပေမယ့် အက်ဖ်အေက တီဗွီရုပ်သံကို ပြန်လည် ကြည့်ရှုပြီး အရေးယူဖို့ လုပ်ဆောင်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up