အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ မြန်မာအသင်း တရုတ်တိုင်ပေကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မန္တလေးမှာကျင်းပနေတဲ့ ဘရာဇီးအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ဗီယက်နမ်က ထိုင်းအသင်းကို ၂ ဂိုး ဂိုးမရှိ၊ မြန်မာက တရုတ်တိုင်ပေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ ၆၇ မိနစ်နဲ့ ၇၉ မိနစ်တွေမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီး တရုတ်တိုင်ပေက ၈၃ မိနစ်မှာ ကိုယ့်ဂိုး ကိုယ်သွင်းမိပြီး ၃ ဂိုး ဂိုးမရှိ ဖြစ်နေပါတယ်။ ပွဲပြီးခါနီး အချိန်ပို ၁ မိနစ်မှာ တရုတ်တိုင်ပေက ချေပဂိုး ၁ ဂိုး သွင်းခဲ့ပြီး မြန်မာက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ တရုတ်တိုင်ပေဟာ မြန်မာအသင်းကို ရှုံးတဲ့အတွက် အုပ်စုဒုတိယသာ ရရှိခဲ့ပြီး နောက်တဆင့်ကို မတက်နိုင်တော့ပါဘူး။ တရုတ်တိုင်ပေကို ရှုံးထားတဲ့ ဗီယက်နမ်အသင်းဟာ ၄ ပွဲကစား ၉ မှတ်နဲ့ ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up