A d v e r t i s e m e n t With Us

ပြုံယမ်း ဆောင်းဦး နိုင်ငံတကာ ကုန်သွယ်ရေးပြပွဲ ဖွင့်လှစ် (ရုပ်သံ)

မြောက်ကိုရီးယားဟာ ၁၁ ကြိမ်မြောက် ပြုံယမ်း ဆောင်းဦး နိုင်ငံတကာ ကုန်သွယ်ရေးပြပွဲ ကို စက်တင်ဘာ ၂၁ ရက်နေ့က ဖွင့်လှစ်ကျင်းပတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။ မြို့တော်ပြုံယမ်းက ကုန်စည်ပြပွဲ ဆိုင်ခန်းတွေမှာ ခင်းကျင်း ပြသထားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အပါအဝင် ကုန်စည်တွေကို ဧည့်သည်တွေက ကြည့်နေပုံ ရုပ်သံကို ကေစီအန်အေသတင်းဌာနက ရိုက်ကူးပြသပါတယ်။ ဒီရုပ်သံတွေရဲ့ စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှု မရှိပါဘူး။ ကုန်စည်ပြပွဲကို ဂျာမနီ၊ ရိုမေးနီးယား၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ တရုတ်၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ တိုင်ဝမ် အပါအဝင် နိုင်ငံအသီးသီးက ကုမ္ပဏီတွေ ပါဝင်ဆင်နွှဲတယ်လို့ ကေစီအန်အေ သတင်းဌာနက ပြောပြီး ကုန်စည်ပြပွဲကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ဆင်နွှဲမယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up