A d v e r t i s e m e n t With Us

သတင်းထောက်ခြေထိုးခံရပြီး လဲကျခဲ့သည့် ဆီးရီးယားဒုက္ခသည် ကလေးငယ် ရီးရဲလ်ရောက် (ရုပ်သံ)

ဟန်ဂေရီ အမျိုးသမီး ဗွီဒီိယိုသတင်းထောက်ရဲ့ ခြေထိုးခံရပြီး လဲကျသွားတဲ့ ဆီးရီးယား ဒုက္ခသည် မိသားစုကို စပိန် လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းက ဖိတ်ကြားခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်က ဒုက္ခသည် မိသားစုကို ရီးရဲလ်အသင်းရဲ့ ဘာနေဗျူးဆီ ဖိတ်ကြားခဲ့တာဖြစ်ပြီး အသက် ၇ နှစ် ဇိုင်၊ အစ်ကိုနဲ့ ဖခင် ဆီးရီးယား ဘောလုံးအသင်း နည်းပြဟောင်း  အိုစမာအက်ဒူမိုဆန်တို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်း ဥက္ကဋ္ဌ ဖလော်ရင်တီနို ပါဇက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကြယ်ပွင့်ဖြစ်တဲ့ ရော်နယ်ဒိုကလည်း ကလေးငယ်ကို ကြိုဆိုခဲ့ပါတယ်။ ဒီမိသားစု ဘ၀ကို ပြန်လည်ထူထောင်ဖို့အတွက် စပိန် ဘောလုံးအဖွဲ့ချုပ်က ကူညီမယ်လို့ ပြောဆိုခဲ့သလို ကလေးငယ် ဖခင်ကိုလည်း စပိန် ဘောလုံးကလပ်အသင်းတခုက နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဟန်ဂေရီနယ်စပ်မှာ ရဲတွေ လိုက်လာတဲ့အတွက် ကလေးငယ်ကိုချီပြီး ပြေးလာတဲ့ ဖခင်ကို ဗွီဒီယိုသတင်းထောက်က ခြေထိုးခံခဲ့တဲ့ ရုပ်သံဖိုင်ဟာ အင်တာနက် လူမှုရေးကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး လူတွေဝေဖန်တာ ခံခဲ့ရပါတယ်။ သတင်းထောက် ခြေထိုးခံခဲ့သည့် ရုပ်သံဖိုင်လင့်ခ် - http://burmese.dvb.no/archives/111514

A d v e r t i s e m e n t With Us

More News
Up