Home
ရုပျသံ
လူနှင့်မျောက်ကြား ပဋိပက္ခလျော့ပါးရေး ထိုင်းအာဏာပိုင်များ မျောက်အကောင် ၈၀ ကို နေရာပြောင်း (ရုပ်သံ)
DVB
·
September 22, 2015
ထိုင်းအာဏာပိုင်တွေဟာ ဒေသခံတွေရဲ့ တိုင်တန်းမှုကြောင့် ဘန်ကောက်မြို့စွန်က လူနဲ့ မျောက်ကြား ပဋိပက္ခလျော့ပါးရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က အမြီးရှည် မျောက် အကောင် ၈၀ ကို နေရာရွှေ့ပြောင်း ခဲ့ရပါတယ်။ မျောက်ကောင်ရေ တိုးပွားလာမှုကို ဒေသခံ ရွာသားတွေက တိုင်တန်းနေခဲ့တာ ကြာပြီလို့ အမျိုးသားဥယျာဉ် သားရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ထိန်းသိမ်းရေးဌာန (ဒီအန်ပီ)က ပြောပါတယ်။ မျောက်တွေက ဒေသခံတွေအတွက် ဒုက္ခဖြစ်လာတယ်။ အိမ်တွေထဲ ဝင်ပြီး ပစ္စည်းတွေ လျှောက်မွှေတယ်။ ရေခဲသေတ္တာတွေ ဝင်မွှေတယ်။ သူတို့အတွက် အစားအစာ လုံလောက်အောင် မရှိဘူးလို့ ဒီအန်ပီရဲ့ ညွှန်ချုပ် နစ်ပို ချိုတိဘန်က ပြောပါတယ်။ ရွာသားတွေကတော့ မျောက်အရေးတော်ပုံဟာ နှစ်ပေါင်းများစွာ ကြာနေတဲ့ ပြဿ နာဖြစ်ပြီး လူတွေရဲ့ ဘဝအတွက်သာမက မျောက်တွေအတွက်ပါ အနှောင့်အယှက် ဖြစ်နေတာလို့ ပြောပါတယ်။ အသက် ၅၀ အရွယ် ရွာသားတယောက်ကတော့ အခု အဝတ်နေလှန်းနိုင် ဟင်းသီးဟင်းရွက် စိုက်နိုင်ပြီး မျောက်တွေ ဒီမှာ ဆက်နေရင်လဲ အစာရေစာ ငတ်ကုန်မှာမို့ သွားတာ ကောင်းတယ်လို့ ပြောပါတယ်။ အရာရှိတွေကတော့ လူနေရပ်ကွက်ထဲမှာ မျောက်ကောင်ရေ ၁၀၀ လောက် နေပြီး အနားက တောထဲ မှာတော့ မျောက်ကောင်ရေ ၃၀၀ လောက်နေတယ်လို့ ပြောပါတယ်။ ဖမ်းမိတဲ့ မျောက်တွေကို ကျန်းမာရေး စစ်ဆေးမှာပါ။ အဲဒီနောက် သားရိုင်းဌာနက စီမံခန့်ခွဲနေတဲ့ ရတ်ခ်ျဘူရီအနောက်ပိုင်းက တောထဲနဲ့ သားရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးနယ်မြေတွေမှာ ပြန်လွှတ်မယ်လို့ အရာရှိတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024