လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာ ၂ ဦးကို ယနေ့ ပြန်လည်စစ်ဆေးမည်
DVB
·
September 22, 2015
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၂ ဦး အမှုကို စက်တင်ဘာ ၂၂ ရက်နေ့ ဒီနေ့မှာ ပြန်လည် စစ်ဆေးမှာ ဖြစ်ပါတယ်။
သက်သေမခိုင်လုံမှုတွေနဲ့ မတရားစွပ်စွဲခံထားရတဲ့ စုံစမ်းစစ်ဆေးမှုဟာ အချိန်ကြာမြင့်နေခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ အုပ်စုတွေကတော့ ဒါဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ဓားစာခံအဖြစ် အသုံးချတာလို့ ပြောပါတယ်။
စွပ်စွဲခံထားရတဲ့ အသက် ၂၂ နှစ်အရွယ်ရှိကြတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဘက်မှ အကာအကွယ်ပေးတဲ့အုပ်စုက ဒီအမှုမှာ ဒီအန်အေစစ်ဆေးချက်ဟာ တခုတည်းသော သက်သေဖြစ်ပြီး ရဲတွေဟာ ပြန်လည်စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ရဲတွေဟာ ဒီအန်အေစစ်ဆေးချက်နဲ့ ပတ်သက်တဲ့ ကွဲလွဲချက်တွေ ပါဝင်တဲ့ အငြင်းပွားဖွယ် ထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ဒီအန်အေစစ်ဆေးချက်ထဲက တချို့ဟာ ပျောက်ဆုံးသွားတာ ဒါမှမဟုတ် အသုံးပြုလိုက်တာလို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ အဲ ဒီထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။