A d v e r t i s e m e n t With Us

ဘာစီလိုနာ တွင် ပျော်ရွှင်နေကြောင်း နေမာပြော

ဓာတ်ပုံ - ရိုက်တာ
တိုက်စစ်မှူး နေမာက ဘာစီလိုနာ အသင်းမှာ အခြေကျနေပြီး ကစားရတာ ပျော်ရွှင်ကြောင်း ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့လာတာပါ။ အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် အခုလို ထုတ်ဖော် ပြောဆိုလာတာ ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းက အကူအညီ ပေးကြပြီး အခုဆိုရင် ကစားပုံလည်း ပိုကောင်းလာတယ်လို့ တိုက်စစ်မှူးက ပြောပါတယ်။ နေမာဟာ ဘာကာတိုက်စစ်ကို ဆွာရက်၊ မက်ဆီတို့နဲ့အတူ တာဝန်ယူ ယူထားရပါတယ်။ သူဟာ ဘာကာကို စရောက်တဲ့ ရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆယ်တာ ဗစ်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up