A d v e r t i s e m e n t With Us

တရုတ်-မြန်မာနယ်စပ်တွင် ရွှေဝါ မျောက်မျိုးစိတ်သစ်တမျိုး တွေ့ရှိ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ နုဂျီယန် (Nujiang) ရွှေဝါမျောက်မျိုးစိတ်သစ်တမျိုးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေနဲ့ ပညာရှင်တွေက ဆိုပါတယ်။ ဒီမျောက်မျိုးစိတ်သစ်ကို ယူနန်ပြည်နယ် Lushui ခရိုင်၊ Gaoligong အရှေ့ဘက် တောင်ကြောမှာ တွေ့ရှိခဲ့တာပါ။ အမြင့်မီတာ ၃၀၀၀ ကျော်မှာ ကျက်စားပြီး လူတွေကို ကြောက်တာလန့်တာ မတွေ့ရဘဲ ဒေသခံတွေက ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ရွှေဝါမျောက်မျိုးရင်းကိုတော့ ၂၀၁၀ ခုနှစ်က သဘာဝထိန်းသိမ်းတောနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ တွေ့ရှိခဲ့ပြီး အသေးစိတ်ကို သုတေသနလုပ်နေတုန်း ဖြစ်ပါတယ်။ ရွှေဝါ မျောက်ကောင်ရေ ၂၆၀ ကနေ ၃၃၀ အထိရှိမယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောဆိုပါတယ်။ အဲဒီထဲက အကောင် ၁၇၀ လောက်ဟာ အမျိုးသားကာကွယ်တောထဲမှာ ကျက်စားကြတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူး ၀မ်ဘင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up