ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ကြောင်း မန်ယူ နည်းပြပြော

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောလိုက်ပါတယ်။ ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ကြောင်း ပြသခဲ့တယ်လို့ နည်းပြက ဆိုပါတယ်။ ဒီနှစ် ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်မယ့် အသင်းထဲမှာ မန်ယူ ပါလာပြီဖြစ်ကြောင်း နည်းပြ ဗန်ဂါးက ပြောပါတယ်။ အဲဒီပွဲမှာ မန်ယူက အသစ်ဝယ်ယူထားတဲ့ ဆက်ကျော်သက် တိုက်စစ်မှူး မာရှယ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ မန်ယူဟာ လောလောဆယ် အမှတ်ပေးဇယားရဲ့  ဒုတိယနေရာမှာ ရှိနေပြီး ဇယားထိပ်မှာ ပြေးနေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

More News
Up