မဆယ်ဆိပ်ကျေးရွာ တွင် ရွေးကောက် ပွဲအောင်နိုင်ရေး အတွက် ဒေါ်စု ဟောပြော (ဓာတ်ပုံ)
DVB
·
September 21, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက စတင်ဟောပြောနေပါတယ်။
ဒေသခံတစ်ဦးက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီအစိုးရဖြစ်လာရင် ဘယ်လို ဆက်လုပ်မလဲလို့ မေးမြန်းခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က "စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်ကြောင်း၊ မြစ်ဆုံစီမံကိန်းမှာ အစိုးရက ဘယ်အချက်တွေထည့်သွင်းပြီး စာချုပ်ချုပ်ထားလဲဆိုတာကို မည်သူမှ မသိကြောင်း အန်အယ်လ်ဒီ အနေနဲ့ အစိုးရဖြစ်ပါက စီမံကိန်းတိုင်းကို လူထုကို ပွင့်ပွင်လင်းလင်းအသိပေးမယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ - ကောင်းထက်ကျော်