ဖက်ရှင်ပွဲကို ရာသီဥတုပြောင်းလဲမှု ပညာပေးပွဲအဖြစ် ပြောင်းခဲ့သည့် ဖက်ရှင်ဒီဇိုင်နာ (ရုပ်သံ)

1.5K
အင်္ဂလိပ် ဖက်ရှင်ဒီဇိုင်နာ ဗီဗီယန်း ၀က်စ်ဝုဒ် (Vivienne Westwood) ဟာ စက်တင်ဘာ ၂၀ ရက်နေ့က လန်ဒန် ဖက်ရှင် ရက်သတ္တပတ်ကို ရာသီဥတု ပြောင်းလဲမှု ပညာပေးဖို့နဲ့ ချိုးခြံချွေတာရေး စီမံကိန်းကိစ္စကို ကန့်ကွက်ပွဲအဖြစ် ပြောင်းလဲခဲ့ပါတယ်။
"ကျမ ဒီမှာ အရူးတယောက်လိုပါပဲ။ နောက်ထပ် နှစ် ၁၀၀ ၀န်းကျင်လောက်မှာဆိုရင် လူ သန်း ၁၀၀၀ လောက်ပဲ ကမ္ဘာပေါ်မှာ ရှင်ကျန်ရစ်တော့မယ့် အကြောင်းကို တက်ကြွလှုပ်ရှားသူတွေကတောင် လူတိုင်းကို မပြောကြဘူး။ အားလုံး ဘာမှ မဖြစ်သလို၊ အကျပ်အတည်းတွေ့ရင်လည်း ယာယီလိုလို ပြောနေတာဟာ နိုင်ငံရေးသမားတွေက ကျူးလွန်တဲ့ အကြီးဆုံး ရာဇ၀တ်မှုပါပဲ" လို့ သူက အပြစ်တင်လိုက်ပါတယ်။
ဝက်စ်ဝုဒ်ဟာ ဖက်ရှင်ဒီဇိုင်နာ ဖြစ်သလို သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတက်ကြွသူလည်း ဖြစ်ပါတယ်။
လန်ဒန် ဖက်ရှင် ရက်သတ္တပတ်ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။