A d v e r t i s e m e n t With Us

ဒဂုံအရှေ့မြို့နယ်တွင် စိတ်ကြွဆေး ၁၉ သိန်းတန်ဖိုး သိမ်းဆည်းရမိ

ကမ္ဘာမှာ ဒုတိယအများဆုံးဖမ်းမိတဲ့ မင်္ဂလာဒုံစက်မှုဇုန်၊ ဇေကမ္ဘာဝင်းက ဖမ်းဆီးမိတဲ့ ကျပ်၂၆ သန်းကျော် မူးယစ်ဆေးဝါးများ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ အရှေ့မြို့နယ်မှာဒီနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က WY စိတ်ကြွဆေးပြား ၁၉ သိန်းလောက် သိမ်းဆည်းမိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ က ဇေကမ္ဘာဝင်းမှာ တွေ့တဲ့ ကမ္ဘာ့ဒုတိယအများဆုံး ဆေးပြား ၂၆ သန်းကျော် မိတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နိုင်ဖွယ်ရှိတယ်လို့ ရဲက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့က အဲဒီမှာ အဓိကအလိုရှိနေသူတစ်ဦးကို ဖမ်မိပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာဘဲ ထပ်မိခဲ့တာပါ။ ရဲတပ်ဖွဲ့ အနေနဲ့ အသေးစိတ်ကို တော့ မပြောသေးပါဘူး။ ဩဂုတ်လ ၃ ရက်နေ့က မြောက်ဒဂုံက နေအိမ်တခုမှာ မူးယစ်ဆေး ၁၅ သိန်းဖိုးနဲ့ ၁၂ ရက်နေ့မှာ သာကေတမှာ ဆေးပြား ၅၉၉၀၀၀ လောက် သိမ်းဆည်းမိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up