အမှားအယွင်းများနေတဲ့ မဲစာရင်းကိစ္စ အန်အယ်လ်ဒီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
DVB
·
September 21, 2015
အမှားအယွင်းများနေတဲ့ မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မှာ မီဒီယာတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့က မဲစာရင်း၊ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေးစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ က ဒီကနေ့ မွန်းလွဲပိုင်းမှာ စမ်းချောင်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က "မဲစာရင်းတွေ မှားတာ မပါတာတွေ များလာရင် မဲပေးတဲ့သူတွေ ကိုယ်ပေးချင်တာကို မဲမပေးရရင် ဆူပူမှုဖြစ်လိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ - အောင်သူ၊ ကိုမောင်