ယီမင် စစ်ပွဲအတွင်း ဒဏ်ရာရသူများကို ဂျော်ဒန်နိုင်ငံ ကုသပေး

ဓာတ်ပုံ - အေအက်ဖ်ပီ
714
ယီမင် စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဂျော်ဒန်နိုင်ငံက လက်ခံ ကုသပေးနေရပါတယ်။
ယီမင်နိုင်ငံသား လူနာတွေကို လက်ခံ ကုသပေးနေတဲ့ ဆေးရုံ ၈ ရုံထဲမှာ အက်စရာ ဆေးရုံလည်း တခု အပါအ၀င် ဖြစ်ပါတယ်။
ဆေးဘက် ညွှန်ကြားရေးမှူး အတ်နန် ဒူမားက လူနာစာရင်းကို ယီမင်သံရုံးဆီက ရရှိပြီး အများစုက သေနတ်ဒဏ်ရာ ရရှိထားသူတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဆေးရုံပေါ်မှာ လက်ရှိ လူနာ ၄၀ ရှိပြီး အယောက် ၂၀ ကတော့ ဆေးရုံက ဆင်းသွားပြီလို့ ပြောပြပါတယ်။
နောက်ထပ် လူနာသစ်တွေကို လေဆိပ်မှာ လူနာတင်ယာဉ်နဲ့ သွားကြိုဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
ယီမင်က ရောက်လာတဲ့ လူနာ ၁၂၀ မှာ တချို့က အရိုးကို သေနတ်ကျည်ဆံထိတဲ့ လူနာ၊ ဦးနှောက်အာရုံကြောလူနာ၊ မျက်လုံး၊ မျက်နှာ၊ မေးရိုးတို့ ထိထားတဲ့ လူနာတွေ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။
ဒဏ်ရာရလူနာ အများစုကို ယီမင်မှာ ကနဦး ကုသမှုပေးခဲ့ပြီး ပြင်းထန်တဲ့ လူနာတွေကိုတော့ ဂျော်ဒန်မှာ ခွဲစိတ်ကုသမှု ခံယူကြတာ ဖြစ်ပါတယ်။
အက်စရာဆေးရုံမှာ ယီမင် လူနာတွေကို သီးသန့် ကုသပေးဖို့ ဆရာဝန် ၇ ယောက်ကို တာဝန်ပေးထားပါတယ်။