ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီး ထပ်လောင် (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ထဲက နောက်ထပ် ၂ နေရာမှာ တောမီး လောင်နေပါတယ်။ ဘတ္တီနဲ့ ဗေလီမြို့တွေအနီးက တောမီးတွေကို အတိုင်းအတာ တခုအထိ ငြှိမ်းသတ်နိုင်ပြီလို့ မီးသတ်ဌာနက ပြောတဲ့အချိန်မှာပဲ မွန်တာရေးနယ်မြေထဲက နောက်ထပ် နေရာ ၂ ခုမှာ တောမီးတွေ လောင်ကျွမ်းနေတာပါ။ ပြည်နယ်မီးသတ်ဌာနရဲ့ ၀က်ဆိုက်မှာ ဖော်ပြတဲ့ သတင်းအရ Highway 68 လမ်းမကြီးတလျှောက်မှာ ၉၅ ဧက မီးလောင်ကျွမ်းခဲ့ပြီး ၆၀ ရာခိုင်နှုန်းက ထိန်းသိမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဂျိမ်းဘာ့ဂ်မြို့နားက တက်စာဂျာရာ တောင်တန်းဒေသမှာ ဧက ၁၂၀၀ မီးလောင်ခဲ့ပြီး ၁၀ ရာခိုင်နှုန်းကိုပဲ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အန်ဘီစီသတင်းအရ တက်စာဂျာရာ တောင်တန်း တောမီးဟာ အဆောက်အဦ ၆ ခု မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၃၀၀ လောက်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဘတ္တီနဲ့ ဗေလီမြို့အနီးက တောမီးတွေကြောင့် အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

More News
Up