A d v e r t i s e m e n t With Us

၁၀ နှစ်နီးပါးကြာ ရေးဆွဲခဲ့သည့် နီပေါ နိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေ ပြဋ္ဌာန်း

၁၀ နှစ်နီးပါးကြာ ရေးဆွဲခဲ့ရသည့် နီပေါအခြေခံဥပဒေမိတ္တူ။ (ဓာတ်ပုံ - ရိုက်တာ)
ပြည်တွင်းစစ် ပြီးဆုံးပြီး ၁၀ နှစ်နီးပါး အချိန်ယူရေးဆွဲခဲ့တဲ့ နီပေါ နိုင်ငံရဲ့ ပထမဆုံး အခြေခံဥပဒေကို စက်တင်ဘာ ၂၀ ရက်နေ့က တရားဝင် ပြဋ္ဌာန်းလိုက်ပါတယ်။ သမ္မတ ရမ်ဘာရမ်က အခြေခံဥပဒေသစ်ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးလိုက်ပြီး နီပေါလွှတ်တော်က ကြိုဆိုခဲ့ပါတယ်။ ဒီအခြေခံဥပဒေကို ကန့်ကွက်တဲ့ ဒေသခံ လူနည်းစုတွေကတော့ စက်တင်ဘာ ၂၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတောင်ပိုင်းမှာ ဆန္ဒပြ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီအခြေခံဥပဒေဟာ နီပေါနိုင်ငံကို ပြည်နယ် ၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာရေးကို အခြေမခံတဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် ပြဋ္ဌာန်းပေးလိုက်တာပါ။ ဒေသခံ လူနည်းစုတိုင်းရင်းသားတွေကတော့ ပြည်နယ်နယ်နိမိတ်တွေနဲ့ ခွဲခြား သတ်မှတ်လိုက်တာကြောင့် သူတို့တွေ ဖိနှိပ်ခွဲခြား ဆက်ဆံခံရပြီး အခြေခံအခွင့်အရေးတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒေသခံ မာဒီစီ (Madhesi) လူမျိုးစုနဲ့ သာရူ (Tharu) လူမျိုးစုတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နိုင်ငံတောင်ပိုင်းမှာ ဆန့်ကျင်ဆန္ဒပြ၊ ရဲနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အယောက် ၄၀ သေဆုံးခဲ့တာပါ။ နီပေါနိုင်ငံမှာ ၁၀ နှစ်ကျော်ကြာ ပြည်တွင်းစစ်ဆင်နွှဲခဲ့ကြတဲ့ မော်သူပုန်တွေ ၂၀၀၆ ခုနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြအပြီး အခုလို အခြေခံဥပဒေကို ရေးဆွဲဖို့ တောင်းဆိုခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ပါလီမန်မှာ အများစုနေရာရလာပြီး နှစ်ပေါင်း ၂၄၀ ကြာရှည်ခဲ့တဲ့ နီပေါဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပေမယ့် အခြေခံဥပဒေသစ်ကိုတော့ လွယ်လွယ်နဲ့ မရေးဆွဲနိုင်ခဲ့ပါဘူး။ လူဦးရေ ၂၈ သန်းရှိတဲ့ နီပေါနိုင်ငံသမိုင်းမှာ ဒီအခြေခံဥပဒေဟာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပထမဆုံးရေးဆွဲတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up