A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်ကို မဆယ်ဆိပ်ကျေးရွာ ဒေသခံများ ကြိုဆိုစောင့်ဆိုင်း (ဓာတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာမှာဖြစ်ပြီး ကော့မှူးမြို့နယ်က ဇရပ်ကုန်းကျေးရွာ၊ အဖျောက်ကျေးရွာနဲ့ နတ်စင်ကုန်းကျေးရွာတွေမှာ မိနစ်အနည်းငယ်ကြာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲပြုလုပ်မယ့် မဆယ်ဆိပ်ကျေးရွာ ဒေသခံတွေက ကြိုဆိုစောင့်ဆိုင်းနေကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒေးဒရဲမြို့နယ်တွေကို သွားရောက်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေသခံလူထုနဲ့တွေ့ဆုံ စည်းရုံးဟောပြောသွားဖို့ ရှိပါတယ်။ ဓာတ်ပုံ - ကျော်ဇေယျာဝင်း

A d v e r t i s e m e n t With Us

More News
Up