Home
မြန်မာသတင်း
မံစီမြို့နယ်အတွင်း ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲပြင်းထန်
နော်နိုရင်း
·
September 21, 2015
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းက လိုင်ကာဇွပ်ဂျာကျေးရွာမှာ ဒီကနေ့ မနက် ၆ နာရီ ကျော်ကတည်းက အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီမနက်ကတော့ ဒီလိုင်ကာကျေးရွာဖက်က ဒီမနက် ၆ နာရီခွဲကတည်းကဖြစ်တယ်လို့ ပြော တယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ မိန်းမတယောက်က ကေအိုင်အေနယ်မြေမှာရောင်း တယ်လို့ သတင်းပေးတော့ သတိပေးတယ်။ ခဏခဏသတိပေးတော့ မရပ်တာနဲ့ အဲဒါသူ့ကို ဖမ်းလိုက်တယ်လို့ ပြောတယ်။ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းလိုက်တာကို အဲဒါဖမ်းရကောင်းလား ဆိုပြီး ထိုးစစ်ဆင်တယ်လို့ ကျနော်တို့ သိရတယ်။ ” ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မုံးကိုး ဒေသတွေမှာလည်းတိုက်ထိုး စစ်ဆင် မှုကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းပြောပါတယ်။ ကေအိုင်အေရဲ့ မုံးကိုးဒေသအခြေစိုက်စခန်းတခုဖြစ်တဲ့ လွယ်ဂျိုင်ဘွန်စခန်းကိုလည်း အခုလ ၁၈ ရက်နေ့က အစိုးရဖက်က တက်ရောက်သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အေ တပ်မဟာ ၃ တရင်း ၁၂ နဲ့ ၂၇ ဖက်ကမှာ စိုးရတပ်ရဲ့ ထိုးစစ်မှုကြောင့် ရှေ့တန်းစခန်းတချို့ သိမ်းဆည်းခံရတာတွေရှိသလို ပြီးခဲ့တဲ့လကလည်း တပ်ရင်း ၇ မှာ လည်း အလားတူ သိမ်းခံရမှုတွေရှိတယ်လို့ ကေအိုင်အေ သတင်းစုဆောင်းရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။ “အခုတလောကတော့ အဲဒီနေရာနဲ့ ဟိုအရင်လက တပ်ရင်း ၇ ဘက်က ရှေ့တန်းစခန်း ၂နေရာပေါ့။ အားလုံး ၃ နေရာလောက်တော့မရှိမယ်ထင်တယ်။ အတိအကျတော့ စစ်တပ်ကပဲ သိမှာပါ။ ” ဒီရက်ပိုင်းဖြစ်ပွားတဲ့အတိုက်ပွဲတွေကြောင့် လိုင်ကာကျေးရွာမှာ ဒေသခံလူထုပေါင်း ၄၀၀ လောက်ပိတ်မိ နေပြီး တချို့ကတော့ မိုင်းခေါင် စစ်ရှောင်ဒုက္ခသည်စခန်းမှာ ရောက်ရှိလိုလုံနေ တယ်လို့လည်း ဦးနော်ဘိုက ပြောပါတယ်။ “ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူလုထုတွေတော့ရှိတယ်။ ဒါပေမယ့် ဘာသာရေးအသင်း အဖွဲ့တွေ၊ အန်ဂျီအိုတွေနဲ့ အိုင်ဒီပီစခန်းတွေကို ပြန်ပြီးခေါ်ထားတယ်လို့ ကြားရတယ်။ လိုင်ကာမှာတော့ အယောက် ၄၀၀ နီးပါးလောက်ပိတ်မိတယ်လို့ ကြားရတယ်။ ဒါပေမယ့် အခုတော့ စစ်ရှောင်စခန်းဖက်ရောက်ပြီလို့တော့ကြားတယ်။” တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ တပ်မတော်အစိုးရအဆုံးမသတ်ခင်မှာ နယ်ခြားစောင့်ပြောင်းရေး ဖိအားပေးမှုကို ငြင်းဆန်ရာက တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲနိုင်လို့ ကချင်ခေါင်းဆောင်တွေအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အခုလို တိုက်ပွဲဖြစ် ဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024