Home
သတင်းဓာတ်ပုံ
မြန်မာ-ထိုင်း နယ်စပ်ဖြတ်သန်း ကားမောင်းပွဲတော် (ဓာတ်ပုံ)
DVB
·
September 21, 2015
မြန်မာ- ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရင်းနှီးမှုနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်စေဖို့ နယ်စပ်ဖြတ်သန်း( Caravan Tour )ကားမောင်းပွဲတော်ကို ကားအစီးရေ ၁၀၂ စီးနဲ့ ဆင်းခွန်း အထူးယာယီနယ်စပ်မှ မြိတ်မြို့အထိမောင်းနှင်ခဲ့ပြီး  စက်တင်ဘာလ ၁၉ ရက်နေ့မှာ မြိတ်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေနဲ့ ခရီးသည် စုစုပေါင်း ၃၅၀ ဦးဟာ  စက်တင်ဘာလ ၂၀ ရက်နေ့မှာ မြိတ်မြို့ပေါ်ရှိ ထင်ရှားသည့် နေရာများဖြစ်သော ဆိပ်ငယ်ဈေးကြီး၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၊ ရှေးဟောင်းသမိုင်ဝင် အရှေ့သိမ်ဘုရား၊ ရှေ့ဟောင်းမင်းကျောင်းတိုက်နှင့် တပ်ပြင်ရပ်ရှိ ရှေးဟောင်း ဘုရားကြီးတန်းများကို သွားရောက်လေ့လာ ခဲ့ပါတယ်။ ကားအစီးရေ တစ်ရာကျော်ပါဝင်သည့် မြန်မာ- ထိုင်းနယ်စပ်ဖြတ်သန်း ( Caravan Tour ) ကားမောင်းပွဲတော်အား စတင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရီခန်ခရိုင် ဆင်ခွန်းအထူးယာယီနယ်စပ်မှ မြန်မာနိုင်ငံ၊ မြိတ်မြို့အထိ ယာဉ်တန်းအရှည်ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ (ပေးပို့ - ဇော်ဇော် - မြိတ်)    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024