အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် တွင် ကလေးငယ် ၁ ဦးသေဆုံး (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလစ်မြို့မှာ ကလေးတဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပြီး အနီးက တခြားလူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အရင်တပတ်က ကွယ်လွန်သွားတဲ့ အဖွားအတွက် အိမ်ရှေ့မှာ အောက်မေ့ဆုတောင်းပွဲ  ကျင်းပနေချိန် အမည်မသိ သေနတ်သမားတွေက ကားပေါ်က လှမ်းပစ်သွားတာပါ။ သေဆုံးသူကလေးဟာ အသက် ၉ နှစ်နဲ့ ၁၁ နှစ်ကြားအရွယ်ဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။ သူနဲ့ ၀မ်းကွဲတော်စပ်သူတဦးက သေနတ်တွေ သိပ်ပစ်ခတ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ပစ်သင့်ပြီး အပြစ်မရှိတဲ့ ကလေးတွေကို လာပြီး ပစ်ခတ်စရာ အကြောင်းမရှိဘူးလို့ ပြောဆိုပါတယ်။ အင်ဒီယားနားပိုလစ်မြို့တော် ရဲအရာရှိတဦးကလည်း ဒီပစ်ခတ်မှုဟာာ အလွန်ဝမ်းနည်းစရာကောင်းပြီး အခုလို အကြမ်းဖက်မှုမျိုးတွေ အခုလိုနေရာမျိုးမှာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို ဒေသခံရဲတပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးနေပြီး အမျိုးအစားချင်း မတူတဲ့ သေနတ်ကျည်ခွံတွေလည်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up