A d v e r t i s e m e n t With Us

ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားသည့် ဒုက္ခသည် ၄၇၀၀ ကျော် အီတလီ ကယ်တင်ခဲ့ (ရုပ်သံ)

ဥရောပကို ပြောင်းရွှေ့အခြေချဖို့ ကြိုးစားသူ အယောက် ၄၇၀၀ ကျော်ကို လစ်ဗျား ကမ်းလွန်ပင်လယ်ပြင်မှာ ကယ်တင်ခဲ့ရတယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုအတိုမှာ လူတွေ ကျပ်သိပ်နေတဲ့ ရော်ဘာလှေတစင်းကို အရာရှိတွေက တားဆီးခဲ့ပုံ တွေ့ရပါတယ်။ သူတို့ကို စစ္စလီကျွန်း ဆိပ်ကမ်းတွေဆီနဲ့ အီတလီ တောင်ပိုင်းကို ပို့သွားမယ်လို့ ဆိုပါတယ်။ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က လူပေါင်း ၄၃၄၃ ဦးကို ရေပြင် နေရာ ၂၀ မှာ ကယ်တင်ခဲ့ရသလို နောက်ထပ် ၃၃၅ ဦးကလည်း ဂရိနဲ့ ပူးပေါင်းစစ်ဆင်ရေးတခုမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေပြင်မှာ အခုလို နောက်ထပ် လူထောင်နဲ့ချီ ဆယ်ယူနေရချိန်မှာပဲ ဟန်ဂေရီနဲ့ ခရိုအေးရှား နယ်စပ်မှာလည်း နောက်ထပ် ထောင်ပေါင်းများစွာဟာ စောင့်ဆိုင်းနေကြတုန်းပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အီးယူ ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာလည်း ဥရောပ နိုင်ငံတွေမှာ ရောက်နှင့်ပြီးသား ဒုက္ခသည် ၁ သိန်း ၆ သောင်းကို ဘယ်လို ခွဲဝေ တာဝန်ယူမလဲဆိုတဲ့ ကိစ္စကို ညှိနှိုင်းမရခဲ့ကြပါဘူး။

A d v e r t i s e m e n t With Us

More News
Up