သြစတြေးလျတွင် ပထမဆုံးအကြိမ် အမျိုးသမီးကို ကာကွယ်ရေးဝန်ကြီး ခန့််အပ်

မာရိစ် ပိန်း။ (ဓာတ်ပုံ - smh.com.au)
780
သြစတြေးလျနိုင်ငံမှာ ပထမဆုံးအနေနဲ့ ဝန်ကြီးချုပ် မာကွန်တန်ဘာ (Malcolm Turnbull) ဟာ သူ့အစိုးရအဖွဲ့သစ်အတွင်း အမျိုးသမီးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီးအဖြစ် မာရိစ် ပိန်း (Marise Payne) အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် အမျိုးသမီး ၅ ဦးကို ခန့်အပ်ကြောင်း စက်တင်ဘာ ၀ ရက်ညက ကြေညာခဲ့တာပါ။
အရင်ကတော့ သြစတြေးလျ အစိုးရအဖွဲ့ဝင် အမျိုးသမီးဝန်ကြီး ၂ ဦးသာ ရှိခဲ့ဖူးပါတယ်။