A d v e r t i s e m e n t With Us

ထိုင်းရှိ အထောက်အထားမဲ့ လုပ်သားများအတွက် မြန်မာနိုင်ငံသားဖြစ်ကြောင်း လက်မှတ် ထုတ်ပေးမည်

အလုပ်သမားရေးရာသံအရာရှိ ဦးလှထွန်း
ထိုင်းနိုင်ငံက အထောက်အထားမဲ့ လုပ်သားတွေအတွက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား လက်မှတ် Certificate of Identification (CI) ကို သံရုံးက ထုတ်ပေးတဲ့ အစီအစဉ် စတင်နေပြီဖြစ်ကြောင်း အလုပ်သမားရေးရာသံအရာရှိ ဦးလှထွန်းက ပြောဆိုပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရပ် ဝပ်ထစ် ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ အနှိုင်းမဲ့ နာရေးကူညီမှုအသင်း ၇ နှစ်ပြည့် ညီလာခံမှာ ပြောဆိုလိုက်တာပါ။ ဒီညီလာခံကို ရွှေ့ပြောင်းမြန်မာ လုပ်သားတွေရဲ့ သာရေးနာရေး အခွင့်အရေး စတာတွေကို နယ်မြေအလိုက် ခွဲဝေဖွဲ့စည်း ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ စုပေါင်းဆင်နွှဲခဲ့ပြီး  ဘန်ကောက်မြို့ မြန်မာသံရုံးက သံအရာရှိ ဦးလှထွန်း၊ ဟာသ သရုပ်ဆောင် ဗေလုဝ တို့လည်း တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up