A d v e r t i s e m e n t With Us

အေအက်ဖ်စီ ယူ ၁၆ ခြေစစ်ပွဲ မြန်မာအသင်း ဂူအမ်ကို ၁၀ ဂိုးပြတ်နိုင်

စက်တင်ဘာ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားတဲ့ အေအက်ဖ်စီ ယူ ၁၆ ချန်ပီယံရှစ် အုပ်စု ဂျေ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမှာ မြန်မာလူငယ်အသင်းက ဂူအမ်ကို ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာယူ ၁၆ အသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂူအမ်ကို အနိုင်ယူပြီး ၃ မှတ် ရသွားပေမယ့် အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပြီ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၆ အသင်းဟာ အုပ်စု ပထမပွဲစဉ်မှာ အိမ်ရှင် ဗီယက်နမ်ကို ၅ ဂိုး ၁ ဂိုး၊ ဒုတိယပွဲစဉ်မှာ သြစတြေးလျကို ၃ ဂိုး ၁ဂိုးနဲ့ အသီးသီး ရှုံးနိမ့်ထားပါတယ်။ လောလောဆယ် အုပ်စု အမှတ်ပေးဇယားမှာ ၂ ပွဲစီ ကစားထားတဲ့ ဗီယက်နမ်က ၆ မှတ်နဲ့  ဦးဆောင်နေပြီး သြစတြေးလျကလည်း ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ မြန်မာယူ ၁၆ အသင်းကတော့ ၃ မှတ်နဲ့ တတိယနေရာရပြီး ခြေစစ်ပွဲကနေ လှည့်ပြန်ရတာပါ။ အေအက်ဖ်စီ ယူ ၁၆ ခြေစစ်ပွဲတွေကို အုပ်စု ၁၁ ခုခွဲ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up