A d v e r t i s e m e n t With Us

အာရှယူ ၁၉ ခြေစစ်ပွဲပြိုင် အကြိုခြေစမ်းပွဲ ထိုင်း-မြန်မာ သရေကျ

ဓာတ်ပုံ - MFF
စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ မြန်မာယူ ၁၉ အသင်းနဲ့ ထိုင်းယူ ၁၉ အသင်းတို့ရဲ့ ခြေစမ်းပွဲဟာ ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အာရှယူ ၁၉ ခြေစစ်ပွဲ အကြိုအနေနဲ့ ခြေစမ်းကြတာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ ဒီပွဲမှာ အရန် ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ခြေအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ မြန်မာနောက်တန်းနဲ့ ဂိုးသမား ဖျက်ထုတ်နိုင်လို့ ပထမပိုင်းကို ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ မြန်မာယူ ၁၉ အသင်း ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာပေမယ့် တဖက် နောက်တန်းကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိလို့ ဂိုးမရှိ သရေကျ သွားတာပါ။ မြန်မာ ပါဝင်တဲ့ အာရှယူ ၁၉ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်မှာပါ။ မြန်မာယူ ၁၉ က ပွဲဦးထွက်အဖြစ် ဘရူနိုင်းအသင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ပရိတ်သတ် မပါဘဲ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up