A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲ မန်ယူ ၃ ဂိုး – ၂ ဂိုး ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၀ ရက် ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ဆောက်သမ်တန်နဲ့ မန်ယူ ပွဲစဉ်မှာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာယူပြီး ကစားခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ဆောက်သမ်တန်အသင်းက အရင်ရသွားပြီး ပွဲချိန် ၁၃ မိနစ်မှာ တိုက်စစ်မှူး ပယ်လီက သွင်းယူခဲ့တာပါ။ ပွဲချိန် ၃၃ မိနစ်မှာ မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး မာရှယ်က ချေပဂိုးသွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ​၁ ဂိုးစီ သရေကျသွားပါတယ်။ မိနစ် ၅၀ မှာ ဆောက်သမ်တန်အသင်း နောက်ခံလူ ယိုရှီဒါ ဂိုးသမားကို ပြန်ပေးတဲ့ဘောလုံး မာရှယ်ရသွားပြီး ကန်သွင်းခဲ့လို့ မန်ယူတို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ မန်ယူအသင်းက ကျောနံပါတ် ၇ ဒီပေး အပြင်းကန်သွင်းတဲ့ဘောလုံး ဆောက်သမ်တန်ဂိုးတိုင်နဲ့ထိပြီး ပြန်ထွက်လာတာကို မာတာက ပိတ်သွင်းပြီး မန်ယူအတွက် တတိယဂိုး  ရယူပေးခဲ့ပါတယ်။ ၈၆ မိနစ်မှာ ဆောက်သမ်တန်အသင်းအတွက် ခြေစွမ်းပြ ကစားနေတဲ့ ကျောနံပါတ် ၁၀ မာနီ မန်ယူဂိုးရှေ့ အမြောက်ကန်တင်ပေးတာကို အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ပယ်လီက ခေါင်းတိုက်သွင်းယူခဲ့ပြီး  ဆောက်သမ်တန် ဒုတိယ ချေပဂိုးရရှိသွားခဲ့ပေမယ့် ပွဲချိန်ပြည့်တဲ့အထိ ဂိုးထပ်မသွင်းနိုင်လို့ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရသွားတဲ့ မန်ယူအသင်းဟာ ၆ ပွဲကစား ၁၃ မှတ်နဲ့ ပထမနေရာက မန်စီးတီးအောက် ၂ မှတ်လျော့ပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် အခြားပွဲစဉ်တွေမှာ စပါးက ခရစ္စတယ်ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး လီဗာပူးကတော့ အိမ်ကွင်းမှာ နော့ဝစ်ခ်ျကို ၁ ဂိုးစီ သရေနဲ့ အဆုံးသတ်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up