ဘေဂျင်း မာရသွန် အီသီယိုးပီးယားနိုင်ငံသား ဗိုလ်စွဲ (ရုပ်သံ)
ဘေဂျင်း မာရသွန် ပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက စတင်လိုက်ပါတယ်။
မာရသွန်ပါဝင်သူတွေဟာ ဘေဂျင်းမြို့လယ် ချန်အန် ရင်ပြင်ကနေ စတင်တာထွက်ပြီး ဂျင်ဂွမ် ရင်ပြင်ဆီမှာ ပန်းဝင်ပါတယ်။
အကွာအဝေး ၄၂ ကီလီိုမီတာ ဝေးပြီး အီသီယိုးပီးယားနိုင်ငံသား အသက် ၄၁ နှစ်အရွယ် မာရီကို ကစ်ချမ်းဘာက ချန်ပီယံ ဖြစ်လာပါတယ်။
ဒီနှစ်ပါဆိုရင် အီသီယိုးပီးယား နိုင်ငံသားတွေ သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာတာပါ။
ဒီနှစ် ပြိုင်ပွဲမှာ လူပေါင်း ၆၃၁၁၈ ယောက် လျှောက်လွှာတင်တဲ့အထဲက သုံးသောင်းကို ရွေးချယ်ယှဉ်ပြိုင်စေခဲ့ပါတယ်။
ဘေဂျင်း မာရသွန်ဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်လို့ တရုတ်ပြည်မှာ သက်တမ်းအရှည်ကြာဆုံး မာရသွန်လည်း ဖြစ်ပါတယ်။