A d v e r t i s e m e n t With Us

ပြည်သူကို ရန်သူလို့မြင်သည့်အစိုးရ တိုင်းပြည်တိုးတက်အောင် လုပ်၍မရဟု ဒေါ်စုပြော

ပြည်သူကို ရန်သူလို့မြင်တဲ့ အစိုးရနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်လို့ မရဘူးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူ ၅ သောင်းကျော် တက်ရောက်ခဲ့တဲ့ မန္တလေးတိုင်း နေပြည်တော်ခရိုင် ဇေယျာသီရီ မြို့နယ် နန်းသြကျေးရွာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ပြည်သူတွေကို ရန်သူလိုမြင်တဲ့စိတ်နဲ့တော့ ဘယ်လိုမှ နိုင်ငံကို တိုးတက်အောင် လုပ်ပေးလို့ မရပါဘူး။ ကျမတို့က အစိုးရက ပြည်သူကို ကြောက်တာလည်း မလိုချင်ဘူး၊ ပြည်သူက အစိုးရကို ကြောက်တာလည်း မကြိုက်ဘူး၊ အစိုးရနဲ့ ပြည်သူဆိုတာ တဦးနဲ့တဦး ကြောက်နေစရာ မလိုဘူး၊ တဦးနဲ့တဦး ပါရမီ ဖြည့်ဘက်တွေလို တူတူလုပ်နိုင်တဲ့ စနစ်ကို ကျမတို့က ထူထောင်ချင်တာ ဖြစ်ပါတယ်။” အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီနေ့ သွားဟောခဲ့တဲ့ နေပြည်တော်၊ ဇေယျာသီရီမြို့နယ်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသူ ၀င်ပြိုင်မှာဖြစ်ပြီး အာဏာရပြည်ခိုင်ဖြိုးပါတီက စစ်တပ်က မကြာသေးခင်ကပဲ အငြိမ်းစားယူလိုက်တဲ့ ဦးလှဌေးဝင်းဟာ သူ့အဓိကပြိုင်ဘက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ မဲဆွယ်ဟောပြောခဲ့ပြီး အဲ့ဒီပွဲကို ဒေသခံ ၁ သိန်းကျော် တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ - NLD Chairperson  

A d v e r t i s e m e n t With Us

More News
Up