A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် မန်စီးတီး ၁-၂ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ပြေးနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ စက်တင်ဘာ ၁၉ ရက်နေ့ ပွဲစဉ်မှာ ၀က်စ်ဟမ်းအသင်းကို  ၂ ဂိုး ၁ဂိုးနဲ့ ရှုံးသွားပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းနဲ့ ထိုးဖောက် ကန်သွင်းခွင့် ၂၇ ကြိမ်အထိ ရခဲ့ပြီး ရှုံးနိမ့်သွားတာပါ။ ၀က်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာပဲ မော်ဆက်နဲ့ ဆာခိုတို့ကို သွင်းယူပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ဒီ ဘရိုင်းက သွင်းယူတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြက သူ့အသင်း  ကံမကောင်းသလို အဆုံးသတ်ပိုင်းတွေမှာလည်း အကောင်းဆုံး မဖြစ်သေးဘူးလို့ ပြောဆိုသွားပါတယ်။ မန်စီးတီးအတွက်တော့ ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့သွားတာပါ။ ဒီပွဲရှုံးပေမယ့် မန်စီးတီးက ၁၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ၀က်စ်ဟမ်းက ၁၂ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up