ပရီးမီးယားလိဂ် ချဲလ်ဆီး ၂-၀ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

3.3K
စက်တင်ဘာ ၁၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ၂ ယောက်လျော့ အာဆင်နယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် နောက်ခံလူ ဂါဘီရယ်နဲ့ ကွင်းလယ်သမား ကာဇိုလာတို့ အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရတာပါ။
ဒီပွဲမှာ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာရဲ့ တဖက် ကစားသမားအပေါ် ပြုမှု ဆက်ဆံပုံတွေအပေါ် ကွင်းလယ်ဒိုင်ရဲ့ ကိုင်တွယ်မှုနဲ့ပက်သက်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ဇူမားနဲ့ ဟာဇက်တို့က သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ကွင်းလယ်သမား ဖာဘရီဂတ်စ်က ရရှိသွားပါတယ်။
ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ပထမဆုံး နိုင်ပွဲရသွားတာပါ။ လောလောဆယ် အာဆင်နယ်က ၁၀ မှတ်နဲ့ အဆင့် ၅၊ ချဲလ်ဆီးက ၇ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။