မြန်မာ ဖမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုံးကွဲမှုနှင့်ဆက်နွှယ်မှု ရှိမရှိ ထိုင်းရဲ အချက်အလက်တောင်း

Thai military personnel work with a detection dog on the Bangkok Skywalk August 19, 2015, as authorities step up security in the city after Monday's deadly blast at the Erawan shrine. REUTERS/Kerek Wongsa
2K
မြန်မာကဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟာ ဘန်ကောက်ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွှယ်မှု ရှိမရှိ စစ်ဆေးဖို့ သတင်းအချက်အလက်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က မြန်မာကို တောင်းဆိုပါတယ်။
ထိုင်းရဲတွေ သံသယရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟာ မြန်မာနိုင်ငံထဲ တရားမ၀င်ဝင်ရောက်ပြီး ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။
ဒီလူဟာ ဗုံးပေါက်ကွဲသူတွေနဲ့ ဆက်နွှယ်မနွှယ်သိရအောင် မြန်မာရဲတပ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က သတင်း အချက်အလက်တောင်းခံထားတယ်လို့ ထိုင်းဘန်ကောက်ပိုစ်သတင်းမှာရေးပါတယ်။
ဖမ်းဆီးခံထားရသူဟာ ရိုဟင်ဂျာ လူကုန်ကူးတဲ့ကွန်ရက်တွေနဲ့ ချိတ်ဆက်နေတဲ့အတွက် မလေးရှားအာဏာပိုင်တွေက အလိုရှိနေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဘန်ကောက်ဗုံးပေါက်ကွဲမှုနဲ့ သံသယရှိလွတ်မြောက်နေသူ တဦးဟာ နယ်စပ်တွေကို ဖြတ်ကျော်မကျော် စစ်ဆေးပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို ထိုင်းရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။