A d v e r t i s e m e n t With Us

တောင်သမန်အင်းတွင် ငါးအမြောက်အမြား ထပ်မံသေဆုံး

ဓာတ်ပုံ - Yelin Aung
မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းမှာ ငါးတွေ အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးမှု ဖြစ်ပေါ်နေပါတယ်။ တောင်သမန်အင်းမှာ ဒီရက်ပိုင်းတွေအတွင်း ငါး သေဆုံးမှုဟာ တန်ချိန်ပေါင်း ၁ သောင်းကျော်အထိ ရှိတယ်လို့ အင်းတာဝန်ခံ ကိုဝင်းဇော်ဦးက ပြောပါတယ်။ ငါးတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့က စတင်သေဆုံးနေတာဖြစ်ပြီး ဒီနေ့လည်း ငါးအမြောက်အမြား ထပ်မံသေဆုံးနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ ရေပေါ် တက်ပြီး အသက်ရှူမ၀ ဖြစ်နေတဲ့ ငါးတွေကို ဖမ်းယူနေကြတယ်လို့ သိရပါတယ်။ တောင်သမန်အင်းမှာ ၂၀၁၄ ဒီဇင်ဘာ ကတကြိမ်၊  ၂၀၁၅ ဧပြီလ ၁၂ ရက်က တကြိမ် နဲ့ ဧပြီလ ၂၉ ရက်က တကြိမ်၊ သြဂုတ် ၁၁ ရက်နေ့က တကြိမ်နဲ့ အခုတကြိမ်ပါဆိုရင် ၅ ကြိမ် ရှိပြီ ဖြစ်ပါတယ်။ 11836739_422320607963332_2731228792152385428_nစက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေအပြင် တောင်သမန်ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေ နဲ့ လူနေရပ်ကွက်တွေက စွန့်ပစ်တဲ့အမှိုက်တွေကြောင့် တောင်သမန်အင်းဟာ ရေဆိုးအင်းကြီး တခုဖြစ်နေပြီလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up