၂၀၁၈ ကမ္ဘာဖလားအတွက် လူမျိုးရေး ခွဲခြားမှု မရှိဟု ရုရှားအသင်းပြော

အန်ဒရီဘစ်ကေးနှင့်စမာတင်
၂၀၁၈ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ လူမျိုးရေး ခွဲခြားမှု မရှိဘူးလို့ ရုရှားအသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။ ဒီနှစ်အစောပိုင်းက ဘောလုံးပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့က လူမျိုးရေး ခွဲခြားတဲ့ ဖြစ်ရပ် ၁၀၀ လောက်နဲ့ ရုရှားဘောလုံးရာသီ ၂ ခုမှာ လူမျိုးရေးခွဲခြားတဲ့ အပြုအမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ ရုရှားမှာ လူမျိုးရေးခွဲခြားမှု မရှိတော့ဘူးလို့ အသင်းခေါင်းဆောင်ဟောင် အဲလက်စ် စမာတင်က ပြောပါတယ်။ စမာတင်ဟာ ရုရှားမှာ ကမ္ဘာဖလားကျင်းပခွင့်ရဖို့အတွက်  အောင်မြင်အောင် ကြိုးစားနိုင်တဲ့ သံတမန်တဦးလည်း ဖြစ်ပါတယ်။ စမာတင်ရဲ့ ပြောဆိုချက်ကို ကင်မရွန်းလက်ရွေးစင် အန်ဒရီဘစ်ကေးကတော့ စိတ်ဆိုးပါတယ်။ ရုရှားမှာ လူမျိုးရေးခွဲခြားမှုမရှိဘူးလို့ သူပြောပေမယ့် လူမျိုးရေး ခွဲခြားမှုက နေရာတိုင်းမှာ ရှိနေတယ်လို့ ပြောပါတယ်။ ဘစ်ကေးက လိုကိုမိုးတစ်မော်စကို ကလပ်အသင်းမှာ ကစားဖူးခဲ့သလို လုံခြုံရေး အတွက် ကိုယ်ပိုင်သေနတ်ကို ဆောင်ထားခဲ့ရပြီး မော်စကိုမှာ လူ ၇ ဦးလောက်က တိုက်ခိုက်တာကို ခံရဖူးတယ်လို့ သူက ပြောပါတယ်။

More News
Up