ချဲလ်ဆီး နှင့်ပွဲ ပြင်ဆင်ထားခြင်းမရှိသည့်အပေါ် အကြောင်းပြချက်မပေးလိုဟု အာဆင်ဝင်းဂါးပြော

ဓာတ်ပုံ - PA
786
အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်အသင်း မန်နေဂျာ အာဆင်ဝင်းဝါးက ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အတွက် ပြင်ဆင်ထားခြင်းမရှိတဲ့အပေါ် အကြောင်းပြချက် မပေးလိုဘူးလို့ ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်ည ချဲလ်ဆီးရဲ့ စတန်းဖိုဒ်ဘရစ်ခ်ျမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
အသင်းက စွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ထားတဲ့ အတွက် အကြောင်းပြချက် မသုံးချင်ဘူးလို့ အာဆင်ဝင်းဂါးက ပြောပါတယ်။
လက်ရှိ ချဲလ်ဆီးရပ်တည်နေတဲ့ အနေအထားကို မစဉ်းစားဘဲ အကောင်းဆုံးကစားနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇယားနံပါတ် ၁၇ နေရာမှာ ရုန်းကန်ေနရတဲ့ မော်ရင်ဟိုနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ပြောဆိုဖို့လည်း ၀င်းဂါးက ငြင်းဆိုသွားပါတယ်။
အရင်ရက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆယ်နယ်အသင်းဟာ ဒိုနမိုဇာဂရက်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး ချဲလ်ဆီးအသင်းကတော့ အစ္စရေးကလပ် မက်ကာဘီ တဲလ်အဗစ်အသင်းကို ၄ ဂိုးပြတ် အနိုင်ရထားပါတယ်။