ခရီးသည်တင်ကားများ မထွက်ရန် နှောင့်ယှက်ဟန့်တားသူ အရေးယူမည်

ခရီးသည်တင်မော်တော်ယာဉ်တွေကို ပြေးဆွဲခြင်းမပြုဖို့ လိုက်လံစည်းရုံး နှောင့်ယှက်ဟန့်တားသူတွေကို အရေးယူမယ်လို့ ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၁၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီသတင်းထဲမှာ ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင်ယာဉ်လိုင်းတွေဟာ ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲနေပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေအတွက်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်ပေးနေတာကြောင့် ကျောင်းသား ကျောင်းသူတွေနဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တချို့သောသူတွေက ခရီးသည်တင်မော်တော်ယာဉ်တွေကို မပြေးဆွဲဖို့ လိုက်လံစည်းရုံး နှောင့်ယှက်ဟန့်တားမှုတွေ ရှိနေကြောင်း၊ အဲ့ဒီလူတွေကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ အဲ့ဒီလိုမျိုး စည်းရုံးဟန့်တား နှောင့်ယှက်နေသူတွေတွေ့ရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားကြဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။

More News
Up