ပလူတိုဂြိုဟ် မျက်နှာပြင်ဓာတ်ပုံများ နာဆာ ဖြန့်ချိ

ဓာတ်ပုံ - ရိုက်တာ
2.6K
အမေရိကန် အမျိုးသား အာကာသသိပ္ပံအဖွဲ့ နာဆာရဲ့ New Horizons အာကာသယာဉ်က ရိုက်ကူးထားတဲ့ ပလူတိုဂြိုဟ်ရဲ့ မျက်နှာပြင် ဓာတ်ပုံတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။
နေအဖွဲ့အစည်းအတွင်း ကမ္ဘာနဲ့အဝေးဆုံး ဂြိုဟ်ပေါ်မှာ ဆည်းဆာနေဝင်ချိန် ရေခဲလွင်ပြင်တွေ ရေခဲတောင်တွေရဲ့ ပုံကို ပြသထားတာပါ။
ဂြိုဟ်ရဲ့ အနောက်ပိုင်းက တောင်တွေကြား စပွတ်နစ် ပလာနမ် ရေခဲလွင်ပြင်ကို ဇူလိုင်လက ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကို မိုင်ပေါင်း ၁ သောင်း ၁ ထောင် အကွာအဝေးကနေ ဖမ်းယူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
New Horizons အာကာသယာဉ်ဟာ ပလူတိုဂြိုဟ်ဆီ သွားရောက်လည်ပတ်တဲ့ ပထမဆုံးယာဉ် ဖြစ်လာပါတယ်။