A d v e r t i s e m e n t With Us

ပတ္တရားမြို့ ရေကြီး၊ လူတဦး ရေထဲမျောပါသွားသည့်ရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားတွေကြား လူကြိုက်များတဲ့ ပတ္တရားကမ်းခြေမြို့နဲ့ ချွန်ဘူရီခရိုင်တွေမှာ မိုးအကြီးအကျယ်ရွာပြီး ရေလွှမ်းမိုးခဲ့လို့ သဘာဝကပ်ဘေးသင့် ဒေသအဖြစ် ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ ခေါင်နွဲ့ရပ်ကွက်မှာ စက်တင်ဘာ ၁၆ ရက်နေ့ညက ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူတဦး ထိတ်လန့်ဖွယ် ရေထဲမျောပါသွားတဲ့ ရုပ်သံဟာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ အပူပိုင်းမုန်တိုင်း ဗမ်ကိုက လေဖိအားနည်း ရပ်ဝန်းအဆင့်ကို လျော့ကျခဲ့ပေမယ့် စက်တင်ဘာ ၁၆ ရက်ညနဲ့ ၁၇ ရက်နေ့တွေမှာ မိုးအကြီးအကျယ် ရွာခဲ့တာပါ။ ၄၅ မိနစ် အချိန်တွင်း မိုးရေချိန် ၃၀ စင်တီမီတာထိ ရွာလို့ ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက်က နေ့ရောညပါ မိုးသည်းထန်လို့ ဘန်လာမုအန်မြို့ အစိတ်အပိုင်း အများစုဟာ ၁ မီတာထက် ပိုတဲ့ ရေအောက် ရောက်ခဲ့တာပါ။ ပတ္တရားမြို့တော်ဝန် အစ်တိပို ခွန်ပလူအန်ကတော့ ကပ်ဘေးကြေညာချက်ဟာ အစိုးရဆီက သက်သာချောင်ချိရေး အရေးပေါ် ရန်ပုံငွေကို သုံးရေး အကူအညီရဖို့ အထောက်အကူ ဖြစ်မယ်လို့ ပြောပါတယ်။ မိုးက ဆက်ရွာနေလို့ အာဏာပိုင်တွေက အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောပါတယ်။ မုန်တိုင်းဒီရေနဲ့ မြှင့်ထားတဲ့ လမ်းတွေက ပတ္တရားနဲ့ အနားက ရယွန်မြို့တွေက ရေစီးဆင်းမှုကို ပိတ်ဆို့ထားသလို ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပတ္တရားမြို့ အစိတ်အပိုင်း အများစုမှာ ဒီနေ့ ရေကျသွားခဲ့ပေမယ့် ခေါင့်တာလိုနဲ့ ဘွန်းဆမ်ဖန်လမ်းတွေနဲ့ အမှတ် ၃၃၁ အဝေးပြေးလမ်းမကြီးရဲ့ ဟွေ့ယိုင် ရဲစခန်းနဲ့ နီးတဲ့ အပိုင်းကတော့ ရေအောက် ရောက်နေဆဲပါ။ ကားငယ်တွေ ဖြတ်မောင်းလို့ မရနိုင်လောက်အောင် ရေကြီးနေလို့ တခြားလမ်းကနေ သွားဖို့ အကြံပြု ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up