ဘဂ္ဂဒက် ရှီးယားမွတ်စလင်နေထိုင်သည့်ရပ်ကွက် ဗုံး ၃ လုံးပေါက်၊ ၁၂ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
1K
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက် ရဲ့ စီးပွားရေးခရိုင် ၂ ခုအတွင်း ရှီးယားမွတ်စလင် အများစုနေတဲ့ ရပ်ကွက်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ လူ ၁၂ ဦး သေဆုံးတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ ခုက စီးပွားရေးခရိုင် ဘဘ် အယ်ရှာဂျီမှာ ဖြစ်ခဲ့ပြီး လူ ၈ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရပါတယ်။
တတိယပေါက်ကွဲမှုကတော့ အဲဒီ စီးပွားရေးခရိုင်နားမှာဖြစ်ပြီး လူ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ခိုက်မှုဟာ အငြိမ်းစားဌာနအနားက ဝက်သ်ဘာရင်ပြင်နားမှာ ဖြစ်ခဲ့တာပါ။
ဒီ တိုက်ခိုက်မှုတွေကို ဘယ်သူလုပ်တယ်ဆိုတာ တာဝန်ခံမှု မရှိသေးပါဘူး။
ဒါပေမယ့် ရှီးယားမွတ်စလင်တွေ ရှိရာနေရာဟာ အိုင်အက်စ်စစ်သွေးကြွအုပ်စုက ဆွန်နီသူပုန်တွေရဲ့ ပစ်မှတ် ဖြစ်ပါတယ်။
အစိုးရကတော့ အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကျယ်ပြန့်တဲ့ နယ်မြေတလွှား သူပုန်တွေကို သုတ်သင်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမယ့် စီးနင်းမှုတွေက နှေးကွေးနေပြီး အီရတ်အစိုးရကတော့ နိုင်ငံအနောက်ပိုင်းက အန်ဘာခရိုင်ကို အာရုံစိုက်ထားတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။