အမေရိကန်တွင် လေယာဉ် တစီး မြို့တွင်းလမ်းပေါ် အရေးပေါ်ဆင်းသက် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အာ့ရ်ဗိုင်းမြို့ လမ်းပေါ်မှာ စက်တင်ဘာ ၁၆ ရက်နေ့က လေယာဉ်တစီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ အန်ဘီစီရုပ်သံက အစီရင်ခံပါတယ်။ ပိုက်ပါ ချယ်ရော့ကီး လေယာဉ်ပေါ်မှာ ညွှန်ကြားသူနဲ့ ကျောင်းသား ၇ ဦးပါပြီး ဂျွန်ဝိန်းလေဆိပ်နားက လမ်းထဲကို ဆင်းသက်ခဲ့တာလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ လေယာဉ်ပေါ် ပါသူအားလုံး ဘေးအန္တရာယ် မရှိခဲ့သလို အိုးအိမ်နဲ့ လမ်းတံတား စတာတွေ ပျက်စီးမှုလည်း မရှိဘူးလို့ အစီရင်ခံကြောင်း ရဲက ဆိုပါတယ်။ အရေးပေါ် ဆင်းသက်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

More News
Up