A d v e r t i s e m e n t With Us

မစ္စတာဘင်း နောက်တယောက် ပေါ်နေပြီလား

မစ္စတာဘင်းနှင့် တူသောသူ။ (ဓာတ်ပုံ - mirror.co.uk)
ဟာသကို စိတ်ဝင်စားတဲ့လူတိုင်း သရုပ်ဆောင် မစ္စတာဘင်းကို သိကြမှာဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေက ကြည့်ရှုသူတွေကို ရယ်မောပျော်ရွှင်စေတာ အမှန်ပါ။ တကယ်လို့ မစ္စတာဘင်းနဲ့ ခွဲရခက်တဲ့ လူတယောက်  ထပ်ပေါ်လာပြီလို့ ပြောရင် အားလုံး အံ့သြကြမယ် ထင်ပါတယ်။ ဒါပေမယ့် သူကတော့ မစ္စတာဘင်းလို သက္ကလပ်အင်္ကျီနဲ့ အနီရောင် နက်ကတိုင် မပါပေမယ့် မာစတာဘင်း ဒီအန်အေကို ယူပြီး ပုံတူပွားထားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မစ္စတာဘင်းနဲ့ တူတာကတော့ မခွဲတတ်ရင်ကို မှားနိုင်တယ်လို့ ဗြိတိန် မေရာသတင်းက ရေးပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာလည်း အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ် ကွင်းကောလိပ်မှာ လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့အတွက် လေ့လာသင်ယူနေတဲ့ ရိုဝမ် အာကင်ဆန်က မစ္စတာဘင်း ဇာတ်ကားမှာ သရုပ်ဆောင်ပြီးနောက် လူသိများခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up