A d v e r t i s e m e n t With Us

နိုင်ငံတော်သီချင်း မဆိုသည့် လေဘာပါတီခေါင်းဆောင်ကို နိုင်ငံရေးသမားများ မကျေနပ်

ဗြိတိန်မှာ လေဘာပါတီခေါင်းဆောင် ဂျရတ်မီး ကော်ဘင်က စက်တင်ဘာ ၁၅ ရက် တော်ဝင်လေတပ်  အခမ်းအနားတခုမှာ နိုင်ငံတော်သီချင်း မဆိုခဲ့တဲ့အတွက် နိုင်ငံရေးသမား အများစုအကြားမှာ ဆူဆူပူပူဖြစ်ကုန်ပါတယ်။ အင်္ဂလန် စိန်ပေါလ် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် ဂျာမနီက ဗြိတိန်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ၇၅  နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ကော်ဘင်က နိုင်ငံတော်သီချင်းမဆိုဘဲ နေခဲ့တဲ့အပေါ် အခုလို ပေါက်ကွဲနေကြတာဖြစ်ပါတယ်။ လေဘာပါတီ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးသမားတွေကလည်း ကော်ဘင်ရဲ့အပြုအမှု အပေါ် ဝေဖန်ခဲ့ပါတယ်။ ကောင်ဆာဗေးတစ်အမတ် ချာချီရဲ့ မြေး ဆာနီကိုလပ်စ် ဆုန်းကလည်း ဘုရင်မအပေါ်ကို ရိုင်းပြပြီး တိုက်ပွဲဝင် ဗြိတိန် လေယာဉ်မှူးတွေအပေါ် ရိုသလေးစားမှုမရှိဘူးလို့ ဝေဖန်ပါတယ်။ ဗြိတိန် သတင်းစာတွေကလည်း ကော်ဘင် နိုင်ငံတော်သီချင်းမဆိုတဲ့အကြောင်းအရာကို ခေါင်းကြီးသတင်းအဖြစ် ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မဆိုသလဲဆိုတာကိုတော့ သတင်းမှာ ရှင်းပြထားချင်းမရှိပါဘူး။ ကိုဘင်ကတော့ အသက်ပေးသွားတဲ့ လေယာဉ်မှူးတွေကို လေးစားတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ တကယ်တော့ ဘုရင်အုပ်ချုပ်မှုကို ချီးမြှောက်ရေးဖွဲ့ထားတဲ့ နိုင်ငံတော်သီချင်းကို ဒီစနစ်ကို ဆန်ကျင်တဲ့ ကော်ဘင်တို့လို ရီပတ်ဘလီကန်တွေ လိုက်မဆိုတာကတော့ အထူးအဆန်း မဟုတ်ပါဘူး။ “ဘုရားသခင် ဘုရင်မကို ကယ်တင်ပါ” ဆိုတဲ့ နိုင်ငံတော်သီချင်းက နိုင်ငံသားတွေရဲ့ အကြောင်း၊ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်၊ နိုင်ငံသားတွေကို လှုံ့ဆော်အားပေးမှုတွေ အကြောင်း ရေးဖွဲ့ထားတာမဟုတ်ပါဘူး။ နိုင်ငံတော်သီချင်းမဆိုတာဟာ ကော်ဘင်တဦးတည်းမဟုတ်သလို တခြားထင်ရှား ကျော်ကြားတဲ့ သူတွေကလည်း ဒီသီချင်းကို လိုက်ဆိုလေ့မရှိပါဘူး။ ကော်ဘင်ဟာ လေဘာပါတီခေါင်းဆောင်အဖြစ် အရင်သီတင်းပတ် ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပြီး  အရွေးချယ်ခံ ထားရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up