စစ်ဘေးဒဏ်ခံ ဆီးရီးယား ကလေးငယ်များ အာဟာရချို့တဲ့မှု စိုးရိမ်ဟု ယူနီဆက်ဖ် ပြော

ဓာတ်ပုံ - ယူနီဆက်ဖ်
စစ်ဘေးဒဏ်ခံနေရတဲ့ ဆီးရီးယား ကလေးသူငယ်တွေရဲ့ အာဟာရ ချို့တဲ့မှု အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်ဖ် (UNICEF) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ယူနီဆက်ဖ်က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ အလစ်ပိုနဲ့ ဒမာစကတ်မြို့တွေမှာ ဖွင့်ထားတဲ့ ဆေးခန်းတွေမှာ ကုသမှုခံယူနေတဲ့ ကလေးတွေကို တွေ့ရပါတယ်။ အလစ်ပို၊ ဟားမား၊ ဒီယာ အက်ဇိုမြို့တွေမှာ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ယူနီဆက်ဖ်အဖွဲ့က ဆိုပါတယ်။ ဒီနှစ်ထဲမှာ ကလေးငယ် ၁ ဒသမ ၃ သန်းကို အာဟာရ ဖြည့်ပေးဖို့ ကာကွယ်ရေး၊ စောင့်ရှောက်ရေး အကူအညီပေးနေတဲ့အပြင် ဒေသကျန်းမာရေး အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အမျိုးသမီး အဖွဲ့တွေကို သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ အာဟာရ ဖြည့်ဆည်းရေးဌာန ၁၅ ခုကို ဟွမ်းစ်၊ ဟားမားနဲ့ အလစ်ပိုမြို့တွေမှာ ဒီနှစ်အကုန် ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီလိုဖွင့်လှစ်ပြီးရင် အာဟာရ ဖြည့်ဆည်းရေးဌာန စုစုပေါင်း ၅၇ ခုအထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်ဟာ ၅ နှစ်ထဲမှာ ရောက်နေပြီး လူပေါင်း ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားလူဦးရေ ၂၃ သန်းထဲက ၁၂ သန်းကျော်ဟာလည်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး အဲဒီထဲမှာ ကလေးငယ် ၅ သန်း ပါဝင်တယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။

More News
Up