A d v e r t i s e m e n t With Us

ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ၁၂ ရက်ကြာ ပြမည်

ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ စက်တင်ဘာ ၁၈ ရက်ကနေ ၂၉ ရက်အထိ ၁၂ ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ အခမဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက အဓိက ကူညီပံ့ပိုးပြီးလုပ်တဲ့ ရုပ်ရှင်ပွဲတော် အဖွင့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ  ပြင်သစ်-ဂျာမန်ဇာတ်ကား "Diplomacy " စတင်ပြသမှာဖြစ်ပြီး ပွဲတော်ရက်အတွင်း မှတ်တမ်းရုပ်ရှင်ကားများ အပါအ၀င် ဇာတ်ကား ၁၂ ကား ပြသသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ၁ခုကို တရက် နှစ်ကြိမ် ပြသသွားမှာဖြစ်ပြီး ညနေ ၃ နာရီခွဲနဲ့ ၆ နာရီခွဲ တို့မှာ ရုပ်ရှင်မပြမီ ၁ နာရီအလို  ကြိုတင်လက်မှတ်ယူပြီး ကြည့်ရှုနိုင်ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up