ရေတွင်းထဲကျ ၆ နှစ်သား ဆင်ကို ကယ်တင် (ရုပ်သံ)

3.9K
အိန္ဒိယ သစ်တောအရာရှိတွေဟာ နိုင်ငံတောင်ပိုင်း ကဲလာရာပြည်နယ်က မသုံးတော့တဲ့ ရေတွင်းထဲကို ကျနေတဲ့ ၆ နှစ်သား ဆင်တကောင်ကို စက်တင်ဘာ ၁၅ ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ်။
အာနာကူလမ်ခရိုင်က ကွတ်တမ်ပူဇာရွာမှာ မတော်တဆ ဖြစ်ခဲ့တာပါ။
သစ်တောအရာရှိတွေဟာ ရေတွင်းထဲကနေ ဆင်ထွက်လာနိုင်အောင် မြောင်းတူးပေးခဲ့တာပါ။
ငါးနာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းအတွင်း ဆင်ဟာ အသေးစားဒဏ်ရာနည်းနည်း ရခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။