A d v e r t i s e m e n t With Us

မီးလောင်တိုက် ဒုတိယထပ်မှ ကလေးငယ်ကို ပစ်ချကယ်တင် (ရုပ်သံ)

မီးသတ်သမားတဦးဟာ ပိတ်မိနေတဲ့အခန်းထဲက ကလေးငယ်ကိုကယ်တင်ဖို့ ဒုတိ ယထပ် ပြတင်းပေါက်ကနေ ပစ်ချကယ်တင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဖူဂျီယန်းခရိုင်၊ နင်ဒဲမြို့က မူလတန်းကျောင်းတကျောင်းမှာ စက်တင်ဘာလ ၁၆ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပြီး ကလေးတွေဟာ အခန်းထဲမှာ ပိတ်မိနေတာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့ညနေပိုင်းမှာပဲ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တွေကို ဆေးရုံပို့ထားခဲ့တယ်လို့ သတင်းကဆိုပါတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတွေမရှိပဲ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up