အင်ဒိုနီးရှား တောမီး ငြှိမ်းသတ်နိုင်ရေး ဆက်လက်ကြိုးပမ်းနေ (ရုပ်သံ)

အင်ဒိုနီးရှားမြောက်ပိုင်းဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့အတွက် စစ်သားတွေက ဆက်လက် ကြိုးစားနေပါတယ်။ တောင်ယာတွေကို မီးရှို့ရာကနေ ဖြစ်လာတဲ့ တောမီးကြောင့် ဒေသတခုလုံးမှာ မီးခိုးတွေ ဖုံးနေရုံမက အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားတို့မှာလည်း မီးခိုးမြူတွေ ဆိုင်းနေပါတယ်။ အခြေအနေ အဆိုးဆုံးဒေသဖြစ်တဲ့ ရာယူပြည်နယ်ထဲက ကမ်ပါးမြို့တ၀ိုက်ကို စစ်သားတွေ ရောက်နေပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။ မီးလောင်ရာလေပင့် ဖြစ်နေပေမယ့် မီးငြိမ်းပြီးသား နေရာတွေနဲ့ မလောင်သေးတဲ့ နေရာတွေကို မီးထပ်မကူးအောင် ကြိုးစားနေတယ်လို့ တပ်မှူးကြီး နူရန်ဒီက ကမ်ပါးမြို့ လေဆိပ်မှာ ပြောပါတယ်။ လောလောဆယ်မှာ မီးကို ငြှိမ်းသတ်ဖို့ တပ်အင်အား ရာနဲ့ချီ ပို့ထားပြီး နောက်ထပ်လည်း ရဟတ်ယာဉ်တွေနဲ့ မီးသတ်ကားတွေကို လိုအပ်သလို ပို့ပေးသွားမယ်လို့ နိုင်ငံအဆင့် ကပ်ဘေး ထိန်းချုပ်ရေးဌာနက ပြောထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင် ဆူမတြားနဲ့ ကာလီမန်တန်ဒေသဘက်က တောမီးကြောင့် ဒေသတခုလုံး မီးခိုးဖုံးတဲ့ ပြဿ  နာဟာ နှစ်နဲ့ချီ ရှိနေပါပြီ။ အခုအထိလည်း ဒီပြဿ      နာကို ကိုင်တွယ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဒီတပတ် အစောပိုင်းမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက တောမီးရှို့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြောခဲ့ပြီး လူ ၁၃၁ ဦးကိုလည်း စစ်ဆေး အရေးယူဖို့ ရဲအဖွဲ့က စာရင်းထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်းမှာ မလေးရှားနဲ့ စင်ကာပူဘက်မှာ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့အဆင့်ကို ရောက်ရှိနေလို့ မလေးရှားပြည်နယ်တချို့မှာ ကျောင်းတွေကို ပိတ်ထားရပြီး လေယာဉ်ခရီးစဉ် တချို့အတွက်လည်း အနှောင့်အယှက် ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up