ချီလီနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ် (ရုပ်သံ)

ချီလီနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၃ ရှိ အင်းအားပြင်း မြေငလျင် လှုပ်ခတ်သွားတာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ဆူနာမီ ငလျင်ရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ဒေသစံတော်ချိန် စက်တင်ဘာ ၁၅ ရက် ည ၈ နာရီလောက်က နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး မိုင် ၁၄၀ ကျော်ဝေးတဲ့ မြို့တော် ဆန်တီရာဂိုက အဆောက်အဦတွေ ငလျင်ကြောင့် လှုပ်ခါသွားပြီး မြို့ခံတွေ ထိတ်လန့်တကြား အဆောက်အဦတွေထဲက ထွက်ပြေးခဲ့ကြရပါတယ်။  

More News
Up