ပတ္တရားကမ်းခြေတွင် လှိုင်းကြီးမည်၊ လှေများမထွက်ရန် သတိပေး
လက်ရှိ လှိုင်းတွေ ၁ ကနေ ၃ မီတာအထိ မြင့်လာတဲ့အတွက် ကမ်းခြေကနေ စက်လှေတွေ မထွက်ခွာဖို့ ထိုင်းပတ္တရား ရေကြောင်းဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။
ပြင်းထန်တဲ့လေကြောင့် လှိုင်းတွေက ၃ မီတာအထိ မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ပတ္တရားမြို့မှာလည်း ရုတ်တရက် မိုးသည်းထန်နိုင်တဲ့အတွက် ကယ်ဆယ်ရှာဖွေရေး အဖွဲ့တွေကိုလည်း အသင့်အနေအထားမှာ ပြင်ဆင်ထားပါတယ်။
အရှေ့မြောက်ပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီမှာ မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ် အထက်ပိုင်းတွေမှာ ၂-၃ မီတာမြင့်တဲ့ ပြင်းထန်တဲ့ လှိုင်းတွေ ဖြစ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၆-၁၈ အထိ စက်လှေတွေအားလုံးကို သတိထားဖို့လည်း ထုတ်ပြန်ထားပါတယ်။